သူတို့အပြော ဆူဆူညံ
များလူရှင် သိထား
မေ့လျှော့လျက် သတိကင်းလို့
အသိဓါတ် ညံ့ဖျင်းလို့
စိတ်ယုတ်ဝင် သူတွေကြား
သည်းခံနေသွား…..။
ကျင့်အပ်ရာ မြတ်တရားကို
ရှာဖွေလျက် ထိုင်နေလေ
သက်ထက်ဆုံး ကောင်းမူဓါတ်ကို
ပြုအပ်မသွေ
များလူရှင်တွေ
အသိဉာဏ်ထက်အောင်သွေး
မကောင်းပြောသံ ဖယ်ရှားနိုင်စေဖို့
ပျံ့မလွင် စိတ်တည်ငြိမ်လို့
ဝိပဿနာဘာဝနာကို
ပွားကြစို့လေး………..။ (မေတ္တာရံသီ ဆရာတော်)

No comments:
Post a Comment