ကြောင်းကျိုးသဘော ခန္ဓာပင်
တရားပင် ကြိုးစား
အသိကပ် ပန်ဆင်လို့
အကျင့်မြတ် ဥာဏ်ယှဉ်လို့
မာန်ကြီးဝင်သူတွေကြား
စိတ်ဖြူစေသား…….။
ငါးခန္ဓာ ဖြစ်ပျက်ကို
ခြားမရပ် ရှုမှတ်လေ
ဖြစ်ပျက်ဆုံး နိဗ္ဗာန်ဓါတ်ကို
ဆိုက်ကဒ်မသွေ
တပည့်တို့ရေ ..
သံသရာ လွတ်ရာတွေး
မသေရာမှန် နိဗ္ဗာန်ခရီးမို့
ရှစ်မဂ္ဂင် သောင်ပြင်စီးလို့
ဘေးမရှိရာ ဟိုဘက်ကမ်းကို
ကူးကြစို့လေး…..။ (မေတ္တာရံသီ
ဆရာတော်)

No comments:
Post a Comment