ဆုတောင်းယူတဲ့ဘဝတွေနဲ့ ကံစီမံရာကျတဲ့ဘဝတွေ ဘယ်လိုထူးခြားပါလဲဘုရား...
ဘယ်လိုလူမျိုးတွေက ကံစီမံရာ (သုဂတိ၊ ဒုဂတိ) ကျ၍ ဘယ်လိုလူမျိုးတွေက မိမိအလိုရှိရာဘဝကို ဆုတောင်းရယူ နိုင်ကြပါလဲဘုရား...
ဘဝတဏှာကို ရှေ့တန်းတင်၍ မေးလျှောက်သည်ဟု မှတ်ယူတော် မမူပါနှင့်ဘုရား..
ကျေးဇူးတင်ပါတယ်ဘုရား....
သန်းထိုက်ထွန်း(ဖိုးချို) စင်္ကာပူ။ ၂၅၊ ၁၀၊ ၂၀၁၁။
အင်း
မေးထားတဲ့ မေးခွန်းတွေက များနေတော့လည်း ညပိုင်းမှာ အချိန်လုပြီး
အိပ်ချင်တာကို အောင့်ထားကာ တတ်နိုင်သမျှ ဖြေပေးလိုက်ပါတယ်။ လိုအပ်မှု၊
မှားယွင်းမှုများရှိရင်လည်း သည်းခံဖတ်ကြပါကုန်။ မေးခွန်းတွေများနေလို့
တစ်ခုချင်းကိုတော့ ညပိုင်းတွေမှာ ကြိုးစားဖြေပေးလျက်ပါ။
ခုမေးထားတဲ့မေးခွန်းက
လွယ်မလိုရှိသော်လည်း စဉ်းစားဖြေရခက်နေတာမို့ ဒီမေးခွန်းကျမှပဲ ဦးဇင်းလည်း
သင်ထားခဲ့သမျှ ဇာတ်တော်တွေကို အကုန်လိုက်ပြီး အာရုံပြုရတော့တယ်။
ဦးဇင်းဆီမှာကလည်း စာအုပ်က ကျမ်းရေးဖို့စာအုပ်နှင့်အင်္ဂလိပ်
စာအုပ်ကလွဲရင်
မရှိဘူးလေ။ မြန်မာပြည်မှာမှ မဟုတ်တာ။ အဲဒီတော့ သင်ထားသမျှ ဇာတ်တော်တွေကို
လိုက်လံစစ်ဆေးစဉ်းစားကြည့်တဲ့
အခါ ဆုတောင်းပြီးဘ၀ကိုရတဲ့လူဆိုတာ
သေချာပြောလို့မရဘူးဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဘ၀မှာ
နတ်ပြည်ကိုရောက်ရပါလို၏လို့ ဆုတောင်းပြီး ကောင်းမှုကုသိုလ်လုပ်သော်လည်း
နတ်ပြည်ကိုသေချာပေါက်မရောက်ဘဲ ဗြဟ္မာပြည်၊ လူ့ပြည်ကိုရောက်နိုင်လို့ပါပဲ။
မိမိလိုချင်တဲ့ဘ၀ကို သေချာပေါက်ရောက်ချင်တယ်ဆိုရင်ေ
တာ့
သောတာပန်အနည်းဆုံးဖြစ်အောင် လုပ်မှရမှာပါ။ သောတာပန်စတဲ့အရိယာများသာလျှင်
နတ်ပြည်၊ ဗြဟ္မာပြည်များကိုသေချာပေါက် ရောက်နိုင်ပါတယ်။
ပုထုဇဉ်များအနေနဲ့တော့
ကောင်းမှုကုသိုလ်လုပ်ပြီး ဘယ်ဘ၀မှာဘယ်ဘုံရောက်ရပါလို့၏လို
့ သေချာပေါက်
ဆုတောင်းလို့ မရပါဘူး။ မြတ်စွာဘုရားရှင်ဟာ သူပါရမီဖြည့်ရမဲ့
လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းမှာ သူဖြစ်ချင်တဲ့ဘ၀တွေကို မဖြစ်ခဲ့ရဘဲ
ဖြစ်တဲ့ဘ၀မှာ ပြုလုပ်လို့ရတဲ့ပါရမီများကို ဖြည့်ကျင့်ခဲ့ပါတယ်။
မိထွေးတော်ဂေါတမီဆိုရင်လည်း သူ့ဟာ ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်မှာ
ဘုရားရှင်ရဲ့မိထွေးတော်တစ်ယောက်
ကို အားကျခဲ့လို့ သူလည်း
အဲဒီလိုဖြစ်ရပါလို့ဆိုပြီး မြတ်ဗုဒ္ဓအားဆွမ်းများကပ်ကာ ဆုတောင်းခဲ့ပါတယ်။
ဒါပေမဲ့ သူ ဘယ်ဘ၀၊ ဘယ်ချိန်ရောက်မှ ဒီလိုဘုရားမယ်တော်ဖြစ်မယ်ဆိုတာ မသိသလို
ဘယ်ဘုရားလက်ထက်မှာ ဖြစ်မယ်ဆိုတာလည်း သေချာပေါက်မသိပါ။ သို့သော်
မြတ်ဗုဒ္ဓရှင်တော်ကတော့ သဗ္ဗညုတဉာဏ်ရရှိထားသူမို့ ဆုတောင်းသူရဲ့
ဆုပြည့်မပြည့် ဘယ်ချိန်မှပြည့်မယ်ဆိုတာတွေကို သိတဲ့အတွက်
သူ့ရှေ့မှာဆုတောင်းရင်တော့ ဘယ်ချိန်မှာဖြစ်မယ်ဆိုတာ မိန့်ပေးလေ့ရှိပါတယ်။
အဲဒီတော့
ကိုယ်ရောက်ချင်တဲ့ဘ၀ကို တိုက်ရိုက်ရောက်အောင် ဆုတောင်းရုံနဲ့မရဘဲ
ကိုယ်ဖြစ်ချင်တဲ့ဘ၀ပုံစံကိုသာ ရောက်ရာရောက်ကြောင်းများကို
သီးသန့်ပြုလုပ်ပေးမှ ရပါလိမ့်မယ်။ ဥပမာ-မိမိက လူ့ဘုံရောက်ခဲ့ပါက
ဘယ်လိုလူမျိုးဖြစ်ရပါစေ၊ ဘယ်သူတွေနဲ့ပေါင်းစုံပါရစေဆိုတဲ
့
ဆုတောင်းမှုမျိုးကို ကောင်းမှုကုသိုလ်လုပ်ပြီး ရယူရပါလိမ့်မယ်။
ကောင်းမှုသာလုပ်ပြီး မိမိဖြစ်ချင်တဲ့ပုံစံကို ဆုတောင်းခြင်းမရှိခဲ့ပါကလည်း
မိမိလုပ်တဲ့ကောင်းမှုနဲ့ထိုက်တန်
တဲ့ ဘ၀ကိုရောက်ပြီး မိမိကောင်းမှုရဲ့
အကျိုးဆက်ကိုတော့ ခံစားရမှာပါ။ ဆွမ်းလှူဒါန်းခဲ့တဲ့ပုဂ္ဂိုလ်ဟာ
ဖြစ်လေရာဘ၀မှာတော့ ဆွမ်းအကျိုးဖြစ်တဲ့ သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊
ဉာဏ်ပညာငါးမျိုးကို သေချာပေါက် ရရှိပါလိမ့်မယ်။ မိမိကဖြစ်လေရာဘ၀တိုင်းမှာ
ဘယ်လိုအကျိုးတွေရချင်တယ်ဆိုတော့ အဲဒီအကျိုးတွေရအောင် ပြုလုပ်လို့ရပါတယ်။
ဒါပေမဲ့ ဘ၀ကိုတော့ ဘယ်ဘ၀ကိုရောက်အောင် တိုက်ရိုက်ရယူဖို့က
အလွန်အင်မတန်းခဲယဉ်းပါတယ်။
မိမိကနတ်ပြည်ရောက်ကြောင်းတွေကို
ပြုလုပ်သော်လည်း ပုထုဇဉ်များမှာ အရင်အရင်ဘ၀တွေက အတိတ်ကံတွေကျန်ခဲ့သေးတာမို့
သေချာပေါက်ရောက်မယ်လို့ ပြောဖို့ခက်ပါတယ်။
သေချာပေါက်ရောက်နိုင်တဲ့ဘ၀တွေရှ
ိနေပေမဲ့လည်း ဆုတောင်းမှုတစ်ခုနဲ့မရဘဲ
ကောင်းမှုကိုလည်း အားသွန်ခွန်စိုက် ပြုလုပ်မှပါ။ ဥပမာ-မာဃလုလင်ဟာ သူများတွေ
ချမ်းသာတာ၊ သူဌေးဖြစ်တာ၊ လနတ်သား၊ နေနတ်သားတွေကို အားကျတာနဲ့
လမ်းပြင်ခြင်းစတဲ့ ကောင်းမှုတွေကို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်
သိကြားမင်းဖြစ်မယ်ဆိုတာ မသိခဲ့ပါ။ ခု မိမိတို့က မြတ်ဗုဒ္ဓဟောကြားခဲ့လို့
နတ်ပြည်ရောက်အောင် ဘာတွေလုပ်ရင်ဖြစ်တယ်ဆိုတာသိပေမဲ
့ အဲဒီအလုပ်ကို
စိတ်ပါလက်ပါနဲ့လုပ်ပေးမယ်၊ အရင်အရင်ဘ၀တွေက မကောင်းကျိုးတွေလည်း မရှိမှသာ
နတ်ပြည်ရောက်ကြောင်းလုပ်လို့ နတ်ပြည်ကို ရောက်ပါလိမ့်မယ်။
နတ်ပြည်ရောက်အောင် ဆုတောင်းရုံတစ်ခုတည်းနဲ့မဖြစ်
သလို အရင်ဘ၀တွေက
မကောင်းကျိုးဆက်တွေလည်း မကျန်ရှိမှ ဖြစ်ပါလိမ့်မယ်။
များသောအားဖြင့်
ကောင်းမှုလုပ်တဲ့အခါ ဆုတောင်းလေ့ရှိကြတာကတော့ အရိယာဖြစ်တဲ့အခါမှာ
ဘယ်လိုအရိယာဖြစ်ရပါစေဆိုပြီး ဆုတောင်းကြသလို
နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါစေဆု
ိတဲ့ ဆုတောင်းမှုမျိုးသာ
ပြုလုပ်ခဲ့ကြကြောင်းကို ရဟန္တာများအကြောင်း ဘိက္ခူနီမအကြောင်းများ
ဖတ်ကြည့်ပါက သိနိုင်ပါတယ်။ အဲဒီတော့ မိမိက ကောင်းမှုကုသိုလ်လုပ်တဲ့အခါမှာ
သူတော်ကောင်းများနည်းတူ နိဗ္ဗာန်ကိုလျင်မြန်စွာ ရရပါစေ၏လို့ပဲ ဆုတောင်းပြီး
ကျန်တာကိုတော့ ဆိုင်ရာကောင်းမှုအားလျော်စွာ အကျိုးပေးမှာမို့
သီးသန့်ဆုတောင်းနေစရာမလိုပေ။ တကယ်လို့ မိမိအားကျတဲ့
ရဟန္တာပုဂ္ဂိုလ်များရှိပါက အဲဒီကဲ့သို့ ဖြစ်ရပါလို၏လို့ ဆုတောင်းပေါ့လေ။
ကျန်တဲ့ဘုံဌာနဘ၀တွေရောက်ဖို့ကေ
တာ့ ပုထုဇဉ်များမှာ အတိတ်ဘ၀က မကောင်းမှုများ
ကျန်ရှိနိုင်သေးတာမို့ ဘယ်ဘုံဘယ်ဘ၀ဖြစ်မယ်ဆိုတာ သေချာပြောလို့မရပေ။
သို့သော် ရေများရေနိုင်၊ မီများမီးနိုင်မို့
ကောင်းမှုများများပြုလုပ်ပေးလျှ
င်တော့ ကောင်းတဲ့ဘုံမှာ ကောင်းကျိုးများ
ခံစားရနိုင်ပါတယ်။ ဒီလောက်ဆို နားလည်လိမ့်မည်ထင်တာမို့ ဒီမှာပဲ
နိဂုံးချုပ်ပါရစေ။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
No comments:
Post a Comment